နေ့စဉ် လုပ်ငန်းခွင်အကြောင်း
ပလတ်စတစ်ဖန်လုံအိမ်ထဲမှာရှိတခဲမှိုစိုက်ပျိုးတာကနေခူးယူတဲ့အထိလုပ်ဆောင်နေပါတယ်။ ပလတ်စတစ်ဖန်လုံအိမ်ထဲမှာတသတ်မှတ်ထဲထားတဲ့အပူချိန်ကြောင့်အလုပ်လုပ်ရတာလွယ်ကူပါတယ်။ အလုပ်ကအုပ်စုဖွဲ့ပြီးလုပ်ငန်းတာဝန်တွေကိုခွဲပေးတဲ့အတွက်ပလတ်စတစ်ဖန်လုံအိမ်ထဲမှာခွဲပေးထားတဲ့ အလုပ်လုပ်ပြီးကိုယ်အတွဲကျတဲ့သူနဲ့ပူးပေါင်းလုပ်ဆောင်ရလေ့ရှိပါတယ်။ရှိတခဲမှိုစိုက်ပျိုးတာကနေခူးယူတဲ့ထိလုပ်ဆောင်လျက်ရှိပါတယ်။
အလုပ်ကိုကျွမ်းကျင်လာအောင်ကိုယ်တိုင်ကြိုးစားအားထုတ်ခဲ့မှုများ
ကုမ္ပဏီမှာဂျပန်လူမျိုးတွေတင်သာမကနည်းပညာအလုပ်သင်စီနီယာအများကြီးရှိပါတယ်။ဂျပန်လူမျိုးကိုသွားမေးလဲနားမလည်တဲ့စကားလုံးတွေရှိရင်စီနီယာကိုမေးပြီးမှတ်မိအောင်လုပ်ပါတယ်။နောက်ပြီး သင်ပေးတဲ့ခါ မှတ်စုတွေမှတ်ပြီး မမေ့အောင် ဂရုစိုက်လေ့ရှိပါတယ်။
အခု အလုပ်လုပ်နေတဲ့ကုမ္ပဏီကနေ ကူညီပေးတဲ့အကြောင်း၊ကျေးဇူးတင်စကား
ရှချောကကုမ္ပဏီတခုလုံးမှာနေထိုင်ရလွယ်ကူတဲ့ပတ်ဝန်းကျင်တခုလိုဖန်တီးပေးထားပါတယ်။ဥပမာနေ့ စဉ်သုံးလိုအပ်တဲ့ပစ္စည်းတွေကိုစူပါမားကတ်ထိခေါ်သွားပြီးဝယ်ပေးတာတွေ၊နေထိုင်မကောင်းတဲ့ခါဆေးခန်းခေါ်သွားပေးတာတွေ၊စိတ်ဖိစီးမှုတွေများတဲ့ခါအပြင်ထွက်ပြီးအလည်လိုက်ပို့တာတွေလုပ်ပေးပါတယ်။
ASIA AGRIခုမိအအိ အကြောင်း
ခုမိအအိကဘာသာပြန်တွေကကြိုးစားကြပြီးလိုအပ်တဲ့ချိန် ချက်ချင်းကူညီပေးကြလို့ စိတ်အေးရပါတယ်။